ယနေ့ခေတ် လူသုံးကုန်ပစ္စည်းအများစုမှာ လျှပ်စစ်စွမ်းအင်ကို ကိုအခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်လို့ဘယ်နေရာကိုကြည့်ကြည့်လျှပ်စစ် မပါလျှင်မပြီးသလောက်ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်
လက်လုပ်လက်စား လူတန်းစားတွေမှာတောင် အောက်စက်( dvd player) နှင့် တီဗီနှင့်အမ်ပီဖိုးနှင့်ပါ..
လူလတ်တန်းစားလောက်ဆိုရင်..ဟန်းဖုန်း ..ကွန်ပျူတာ..အင်တာနက်..စလောင်း..MRTV 5 . SKY NET သုံးလာနိုင်ကြပါပြီ..
ဟိုးအချိန် တုန်းကထက်ဆိုရင် အများ အများ ကြီးကို တိုးတက်လာတာပါ..
ခေတ်မှီ လျှပ်စစ်ပစ္စည်းတွေကိုသုံးလာနိုင်ပေမဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့တော့ နားလည်တဲ့သူနည်းပါတယ်..
ကိုယ်ကြည့်ချင်တာလေးရတာလဲ မဆိုးပါဖူးဆိုပြီးတော့ နားလည်ခွင့်လွှတ်ပေးနိုင်တဲ့လုမျိုး ဆိုတော့..၀ယ်ပြီး တစ်လလောက်နဲ့ပျက်တာမျိုး..
စက်တစ်လုံးကို တနှစ်ထဲနှစ်ခါပြန်ဝယ်ရတာမျိုးကြုံရလဲ..ငါကံမကောင်းပါလား..ဆိုပြီးပိုက်ဆံအဆင်ပြေတာနဲ့ထပ်ဝယ်တာပါပဲ..
တစ်ချို့ ကလေး တွေဆိုရင်မုန့်ဖိုးလေးစုပြီး အမ်ပီဖိုးလေးဝယ်လိုက်တာ (၃) ရက်လောက်နေတော့ပျက်သွားရော.. firmware ပြုတ်သွားတာဆိုပြင်လို့လွယ်သေးတယ်. အမ်ပီဖိုးတွေကအာမခံလဲမရှိတော့ control chip ပျက်သွားတော့ဆုံးရော..
ကလေးကိုသနားမိတဲ့အပြင်..အင်း ငါတို့တိုင်းပြည်ကထွက်တဲ့ ပဲ တစ်တင်းတော့ အလကားဖြစ်သွားပြန်ပြီလို့တွေးမိပါတယ်..
်ကျနော်တို့လူမျိုးက လျှပ်စစ်ပစ္စည်းတွေဝယ်ရင်..အလေးချိန်ကို ဆ ကြည့်တတ်တယ်..လေးတဲ့ဟာဆို.ပိုကောင်းတယ်ပေါ့..
အဲ့ဒီအချက်ကိုသိတော့ ပစ္စည်းထုတ်တဲအိမ်နီးခြင်းတိုင်းပြည်တွေကသွင်းလာတဲ့ လျှပ်စစ်ပစ္စည်းတွေမှာ မလိုအပ်ပဲ သံတုံးလေးတွေ အပိုကပ်လာတာမျိုးကိုတွေ့ရပါတယ်
တစ်ချို့ အသံချဲ့စက်တွေမှာဆိုရင်..စက်မှု့ခန်းသုံးတဲ့ ရွှံစေးတွေတောင် ပုံလောင်းပြီးထည့်ထားတာတွေ့ရတယ်..
ထရန်စ္စတာတွေ ပိုများရင်ကောင်းတယ်ထင်တော့ ထရန်စ္စတာ ပုံစံတွေ အတုလုပ်ပြီး အပိုထည့်ထားတာလဲတွေ့ရတယ်..
မသိရင်တော့လေးကလဲလေး..လေပေါက်တွေကနေစက်အထဲကိုကြည့်လိုက်တော့ ပါဝါတွေကလဲ ဒင်းကြမ်းပါနေတာဆိုတော့..၀ယ်လိုက်တာပေါ့.
အဲ့ဒါတွေတွေ့ရကြုံရလို့လဲ ဒီဘလော့လေးကိုရေးရတာပါ..မြန်မာစာဖတ်တတ်သူတိုင်းနားလည်လွယ်လောက်အောင်အတတ်နိုင်ဆုံးရေးထားပါတယ်..
ဆံပင်သေးသေးလောက်ရှိပြီးသန့်စင်တဲ့ကြေးနီဝါယာကြိုးလေးတစ်ချောင်းမှာ အက်တမ်သန်းထောင်နဲ့ချီပြီးပါတဲ့အတွက် ခုလိုနည်းပညာတိုးကက်နေတဲ့ခေတ်ကြီးမှာ
လျှပ်ကူးပစ္စည်းတွေဆိုတာ ကြီးကြီးလေးလေးကြီးတွေ..မဟုတ်ရင်လဲရပါတယ်ဆိုတာကို နားလည်စေချင်တာပါ..ကွန်ပျုတာအထဲကစီပီယူ Core i7 920 ဆိုရင် တစ်လက်မသာသာလောက်ပဲရှိပါတယ်.
ဒါပေမဲ့ အထဲမှာ ထရန်စ္စတာ (၇၈၁) သန်းနီးပါး ထည့်သွင်းတည်ဆောက်ထားပါတယ်.
နောက်တစ်ခုက အသံချဲ့စက်တွေ ပူလာမှ အသံပိုကောင်းလာတယ်.. ဒီဗီဒီတွေ ပူလာမှ ပိုအလုပ်လုပ်လာတယ် ဆိုတာတွေဟာ မဟုတ်ပါဖူး..
လျှပ်စစ်ပစ္စည်းမှာပူမှကောင်းတာဆိုလို့ လျှပ်စစ်မီးဖို.လျှပ်စစ်မီးပူပဲရှိပါတယ်..တစ်ချို့ဟမ်းဖုန်းတွေဆို ၅ မိနစ်လောက်ဆက်တာနဲ့ ပူလာတာမျိုး မ၀ယသင့်ပါဖူး..
အီလက်ထရွန်ရွေ့လျှားမှု့ကြောင့်အပူဖြစ်ပေါ်ပေမဲ့ အပူစွမ်းအင်ရရှိဖို့ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ရင် သင့်လျှော်တဲ့အပူချိန်ပဲရှိရမှာပါ..
လျှပ်ကူးပစ္စည်းတွေရဲ့အရည်အသွေးညံ့ဖျင်းမှု့နဲ့စွမ်းရည်ပြည့်ဝတဲ့အပူစွန့်ထုတ်မှု့စနစ်ကိုအသုံးမပြုထားတော့ရှိသင့်တဲ့အပူချိန်ထက်လွန်ကဲပြီးအပျက်မြန်ပါတယ်..
မလိုအပ်ပဲ အပူကိုပိုထုတ်နေလို့လဲ စွမ်းအင်ပိုဆုံးရှုံးပါတယ်...ဥပမာ ဓာတ်မီး ဆိုပါတော့ဗျာ..ခင်ဗျားလိုချင်တာ ဓာတ်ခဲသုံးလုံးရင်းပြီး အလင်းစွမ်းအင်လိုချင်တာ..
ဓာတ်ခဲသုံးလုံးကစွမ်းအင်ကို သုံးပြီး အလင်းထုတ်ပေးတဲ့မီးသီးကညံ့တော့ အလင်းကနဲနဲ အပူကများများထုတ်တော့ ခင်ဗျားရှုံးပြီပေါ့..
ဖုန်းဆက်ပြီဗျာ.. လွင့်တဲ့ထရန်စ္စတာကနေတစ်ဆင်းကြေးကြိုးကိုအီလက်ထရွန်တွေဖြတ်သွားတော့လျှပ်စစ်သံလိုက်လှိုင်းတွေထွက်သွားတာ..
လျှပ်စစ်သံလိုက်လှိုင်းထွက်တာကနည်းနည်းပူတာကများများဆိုတော့ ခင်ဗျားရှုံးပြီပဲ. လျှပ်စစ်ပစ္စည်းတွေညံ့ရင် ခင်ဗျားအတွက်အသုံးမ၀င်တဲ့အရာတွေက ရင်းနှီးလိုက်ရတဲ့စွမ်းအင်တွေကို
ဖြုန်းတီးပစ်မှာပဲ...နည်းစနစ်မမှန်ပဲပတ်ထားတဲ့ထရန်စဖော်မာတွေ.မော်တာတွေ.အရည်အသွေးညံ့တဲ့လျှပ်စစ်ပစ္စည်းတွေသုံးနေလို့ကတော့.. ကိုယ်လိုချင်တဲ့အလင်းနဲ့စက်မှု့စွမ်းအင်ကနည်းနည်းပဲရပြီး.အပူကြောင့်စွမ်းအင်ဆုံးရှုံးမှု့ကိုပဲများများရမှာ..
့ဟိုအိမ်ကနည်းနည်းဒီအိမ်ကနည်းနည်းနဲ့အပူစွမ်းအင်ထုတ်နေတာနဲ့ ကြာလာရင်တိုင်းပြည်ပိုပူလာတာပဲအဖတ်တင်မှာ..လို့တွေးမိပါတယ်
ကျေးဇူးရှင်ဖခင် ကျောင်းအုပ်ဆရာကြီးဦးတင်စိန်နှင့်မိခင်ဒေါ်လှလှ အီလက်ထရွန်းနစ်ပညာကိုစတင်သင်ကြားပေးခဲ့သောဆရာကြီးဦးမောင်မောင်တင်(တိုင်းရေဒီယိုသိပ္ပံ) ကွန်ပျူတာ ပညာရပ်အား စတင်သင်ကြားပေးခဲ့သောဆရာ ကိုဇော်ဇော်အောင်(ရန်ကုန်) ကျွန်ုပ်၏ပညာဆည်းပူးခဲ့ရာလမ်းခရီးတစ်လျောက်တွေ့ကြုံဆုံဆည်းခဲ့ရသော.ကြားဆရာ.မြင်ဆရာ.သင်ဆရာများအားလုံး ဖတ်မှတ်လေ့လာခဲ့ရသောစာအုပ်စာပေများရေးသားသူဆရာများ.အီလက်ထရွန်းနစ်စက်များ တီထွင်ခဲ့သောဆရာများကို ဤစာစုဖြင့် ကန်တော့ပန်းဆင်၍ကျေးဇူးဆပ်အပ်ပါသည်။
Subscribe to:
Post Comments (Atom)
ကောင်းပါတယ် ကိုစိုးလင်းကျော်ရေ ကျနော်တို့ ဆက်ပြီးကြိုးစာ့းရအောင်ဗျာ
ReplyDeleteကျနော့်အနေနဲ့ က အီလက်ထရောနစ် နည်းပညာ အသိပညာ ပြန့် ပွားအောင် ကျနော်တို့ လုပ်ချိန်တန်နေပြီဗျို့ 
ကျနော်တို့ ဝါသနာတူတွေစုပြီးအီလက်ထရောနစ် website လေး
အမြန်ထောင်ကြရအောင်ဗျို့ ။
pholahpyae@gmail.com